ရန်ကုန် ဖေဖော်ဝါရီ ၂၆
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ အမေ့အိမ်အခမဲ့ ပညာဒါနကျောင်း၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသက်မွေးမှုပညာတစ်ခု ရရှိစေရန်နှင့် ကွန်ပျူတာအခြေခံပညာများကို တတ်မြောက်စေရန် ရည်ရွယ်၍ အမေ့အိမ်အခမဲ့ပညာဒါနကျောင်းတွင် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၁၁) ကို မတ်လ ဒုတိယ အပတ်တွင် အင်းစိန်အမေ့အိမ်အသက်မွေးမှုပညာဒါန သင်တန်းကျောင်း၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုသင်တန်းကို သင်တန်းနည်ပြဆရာများ ဖြစ်ကြသော ဆရာ မျိုးကို၊ ဆရာ သားငယ်၊ ဆရာ ကောင်းဆက်ဟန်၊ ဆရာမ ဇင်မိုးဦး၊ ဆရာ ဝေယံ၊ ဆရာမ ပုံပုံချစ်၊ ဆရာမ ကေခိုင်ဇင်၊ ဆရာ စိုးမိုးတို့က ကဏ္ဍအလိုက် စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်သည်။
သင်တန်းကာလမှာ (၃) လ ဖြစ်ပြီး တန်းခွဲ(၄)ခုဖြင့် သင်ကြားမည်ဖြစ်ရာ (တနင်္လာ၊အင်္ဂါ၊ဗုဒ္ဓဟူး) နေ့များတွင် နံနက်(၈)နာရီမှ (၁၀)နာရီအထိ၊ ညနေ(၆)နာရီ မှ ည(၈)နာရီအထိ (စနေ၊တနင်္ဂနွေ)နေ့များတွင် နံနက် (၁၁) နာရီမှ နေ့လယ် (၂)နာရီအထိ၊ညနေ(၅)နာရီမှည(၈)နာရီအထိဖြစ်ပြီး တန်းခွဲ(၁)ခုကို သင်တန်းသား၊ သင်တန်း သူ (၂၀) ဦး သာ လက်ခံသင်ကြားပို့ချသွားမည် ဖြစ်သည်။
“ကျွန်တို့ ကွန်ပျူတာအခြေခံသင်တန်းကို စဖွင့်လာတာ အခုဆိုရင် အမှတ်စဉ်(၁၁)ထိ ရှိပါပြီ သင်တန်းဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကွန်ပျူတာ အတတ်ပညာနဲ့ အသက်မွေးမှုလုပ်ကိုင်နိုင်စေရန် ဖြစ်ပါတယ်၊ ကျွန်တော်တို့ အမေ့အိမ်ပညာဒါနကျောင်းမှာ နောက်ထပ်သင်တန်းတွေ ထပ်ပြီး ဖွင့်လှစ်သွား မှာပါလို့” ကျောင်းတာဝန်ခံ ဦးနိုင်ဝင်းက ပြောကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)