အောင်လံမြို့၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

အောင်လံ ဇန်နဝါရီ ၂

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဒီဇင်ဘာ ၃၀ ရက်နေ့ ညနေပိုင်းကစတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပိုက်ကျော်ခြင်း အားကစားစပ်ကော်မတီတို့ ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးဝန်းတွင် ကျင်းပလျက်ရှိသည်။

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အသင်း (၁၀) သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိရာ အုပ်စု (က)၊ (ခ) ခွဲ၍ ယှဉ်ပြိုင်လျက်ရှိပြီး ဇန်နဝါရီလ ၃ ရက်နေ့ ညနေပိုင်းတွင် တတိယပွဲနှင့် ဗိုလ်လုပွဲအား ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပထမ၊ ဒုတိယ၊ တတိယ ရရှိသော အသင်းများအား ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)