ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကျင်းပ

ဒိုက်ဦး ဇန်နဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ.လ.က (ခွဲ) မြို့အရှေ့ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဆွေသက်အောင်က ဘဝလှဖို့စာဖတ်စို့ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိဦးနေလင်းဦးက လူငယ်နှင့်ခေါင်းဆောင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အား/ကာသိပ္ပံကျောင်းအကြောင်း သိကောင်းစရာများကိုလည်းကောင်း လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိဒေါ်ကြည်မာသင်းက ကလေးသူငယ်အခွင့်ရေးအကြောင်း ဟောပြောခဲ့ကြောင်း သိရသည်။ အဆိုပါဟောပြောပွဲသို့ ဆရာ၊ ဆရာမ ၇ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၉၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)