ရေတာရှည်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၇၆) နှစ်​မြောက် လွတ်လပ်​ရေးနေ့ အထိမ်းအမှတ်​အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကား​ပြောပြိုင်ပွဲ၊ နံရံကပ်စာ​စောင်ပြပွဲနှင့် စာအုပ်စာ​စောင်ပြပွဲကျင်းပ

ရေတာရှည်ဇန်နဝါရီ

ပဲခူးတိုင်း​​ဒေသကြီး၊တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၇၆) နှစ်မြောက် လွတ်လပ်​ရေးနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကား​​ပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ စာအုပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်

ရှေးဦးစွာ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သော်ဇင်အောင်က ပြိုင်ပွဲကျင်းပရခြင်းမှာ ကလေးငယ်များ ဥာဏ်ရည်ဖွံဖြိုးတိုးတက်စေရန်၊ ပြိုင်ပွဲတွင်ပါဝင်ယှဥ်ပြိုင်လိုစိတ်ရှိစေရန်၊လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပြီးနောက် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့သည်။ ထို့နောက် ဗဟုသုတရရှိစေမည့် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်း စာအုပ်စာစောင်များပြသခြင်းများကို ဆောင်ရွက်ခဲ့သည်။

ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စိတ်ပျော်ရွှင်ကြည်နူးစေရန်၊ စာကြည့်တိုက်ကို အသုံးပြုလာတတ်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆေးရောင်ခြယ်ခြင်း၊ ပန်းချီရေးဆွဲခြင်းများ၊ ပန်းချီရေး ဆွဲနည်းများ၊ ကဗျာရွတ်ပြိုင်ပွဲများ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများနှင့် စာအုပ်စာစောင်ပြပွဲများကို စဥ်ဆက်မပြတ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)