မိုးညို ဇန်နဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/ ကျောင်းသူများအား နေ့ထူးနေ့မြတ်များကိုသိရှိစေရန်နှင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီအချိန်က (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာလင်းက လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံနှင့် လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများ၊ ရရှိထားသောလွတ်လပ်ရေးကို လူငယ်လူရွယ်များနှင့် ပြည်သူတစ်ရပ်လုံးက လေးစားတန်ဖိုးထားတတ်ကြစေရန် အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများ နှင့်ပြိုင်ပွဲဝင်များအား ဆုများနှင့် အမှတ်တရလက်ဆောင်များ အသီးသီးချီးမြှင့်ပေးခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများနှင့် တက်ရောက်လာသူများက လွတ်လပ်ရေးနေ့ အထိမ်းမှတ်ပြသထားသည့်နံရံကပ်စာစောင်နှင့် စာအုပ်များအားကြည့်ရှုလေ့လာခဲ့ကြသည်။ အခမ်းနားသို့ တက်ရောက်လာသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၇၆) နှစ်မြောက်လွတ်လပ်ရေးအထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)