ငပလီမြို့တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ငပလီ ဇန်နဝါရီ ၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နေ့လယ်ပိုင်းက အ.ထ.က ငပလီ​ကျောင်း​ခန်းမ၌ ကျောင်းသား/ကျောင်းသူများအား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၅)ရပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်၊ ပြည်တွင်းစည်းလုံးညီညွတ်မှုကသာလျှင် အဓိကအကျဆုံးဖြစ် ဆောင်းပါး၊ (၂၀-၁-၁၉၄၆) ရက်နေ့၊ အလယ်ပစ္စယံညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော အမျိုးသားညီညွတ်ရေး မိန့်ခွန်းကောက်နှုတ်ချက်၊ ကဗျာ၊ သရုပ်ဖော်ကာတွန်းနှင့် ဆောင်ပုဒ်များ စသည့် စိတ်ဝင်စားဖွယ် အကြောင်းအရာများ စုံလင်စွာ ပါဝင်ကြောင်း သိရသည်။

မြင့်မြင့်အေး