ဘီးလင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကျင်းပ

ဘီးလင်း ‌ဇန်နဝါရီ ၃

 မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအသိပညာပေး‌ ဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ၊ လွတ်လပ်ရေး ရေရှည်တည်တံ့စေရန် ဝိုင်းဝန်းထိန်းသိမ်းရမည့် အကြောင်းတို့ကို ဆွေးနွေးဟောပြောပြီး ပုံပြင်ပြော၊ ကဗျာ၊ ပန်းချီ စာဖတ်စွမ်းရည် ပြိုင်ပွဲများကို ပြုလုပ်ပေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လွတ်လပ်ရေးရရှိ‌‌အောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် နံရံကပ်စာစောင်များ၊ ကလေးသူငယ် စစ်မှုထမ်းခြင်းမှကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်များကို ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာသော ကျောင်းသား၊‌ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)