အောင်လံ ဇန်နဝါရီ ၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့တွင် ၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပရေးဆပ်ကော်မတီပူးပေါင်း၍ ဒီဇင်ဘာလ (၃၀) ရက်နေ့မှ ဇန်နဝါရီလ (၃) ရက်နေ့ ထိ အသင်း (၁၀) သင်းဖြင့် ကျင်းပခဲ့ရာ ဆုရရှိသူများအား ဆုချီးမြှင်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ (၄) နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အုပ်ရေးမှူး ဦးကျော်နိုင်၊ ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ဇင်ဇင်(ပြန်/ဆက်)