ပီတိပညာရေးပရဟိတမှ အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း) ဆရာမကြီး (၁) ဦးနှင့် ဆရာကြီး (၁) ဦးအား ထောက်ပံ့ငွေပေးအပ်

သရက် ဇန်နဝါရီ ၆

မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း) ဆရာမကြီး (၁) ဦးနှင့် ဆရာကြီး (၁) ဦးအား ပီတိပညာရေး ပရဟိတမှ ငွေကျပ် (၁၅) သိန်းစီ  ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပီတိပညာရေး ပရဟိတ နာယက ဦးတင်ထွဋ်နှင့် ဦးအောင်ကျော်စိုးတို့က ယခုလို သက်ပြည့်အငြိမ်းစားယူပြီး ဆရာကြီး ဆရာမများ လစဉ်အလှူငွေပေးအပ်ရာမှာ စေတနာအလှူငွေ ကောက်ခံသည့်စနစ်ဖြင့် ဆောင်ရွက်၍ ထောက်ပံ့ငွေပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး ပီတိပညာရေး ပရဟိတအဖွဲ့ဝင် ဦးမြင့်သိန်းက စေတနာအလှူငွေကောက်ခံ ဆောင်ရွက်ရသည့်အခြေအနေများကို ရှင်းလင်းပေးခဲ့သည်။

ထို့နောက် အငြိမ်းစားပင်စင်ယူထားသည့် ဆရာကြီးဦးမြအေး (မူအုပ်၊ လခွဲ-၁ ပိတောက်ပင်)နှင့် ဒေါ်ခင်ခင်လေး (မလပြအမက-ထုံးတောင်) သို့ ထောက်ပံ့ငွေ (၁၅) သိန်းကျပ်စီအား ပီတိပညာရေး ပရဟိတမှ ထောက်ပံ့သည့်ငွေကျပ် (၁၅) သိန်းစီကို မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ဦးနှင့် ဒုတိယမြို့နယ် ပညာရေးမှူးတို့က ပေးအပ်ရာ ဆရဦကြီးဦးမြအေးနှင့် ဆရာမဒေါ်ခင်ခင်လေး ကိုယ်စားခင်ပွန်းဖြစ်သူ ဦးဌေးလှိုင်တို့က လက်ခံပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့သည်။

ယင်းနောက် အငြိမ်းစားသက်ကြီး ဆရာကြီး၊ ဆရာမကြီးများအား ကျန်းမာရေးစောင့်ရှောက်ရန်အတွက် ဆရာမကြီးနှင့်ဆရာကြီး (၂) ဦးမှ  အလှူငွေများ လှူဒါန်းရာ ပီတိပညာရေး အဖွဲ့ဝင် ဆရာမကြီး (၁) ဦးက လက်ခံပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)