မကွေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်‌ရောက်

မကွေး  ဇန်နဝါရီ  

မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ  ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကလေးအလုပ်သမားများအပေါ် အကျိုးသက်ရောက်မှု ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ကလေးအလုပ်သမား အများစုသည် ကောင်းစွာပညာ မသင်ကြားရဘဲ ပညာရေး နိမ့်ပါးသူများဖြစ်သည်ကို တွေ့ရှိရပြီး ကလေး အလုပ်သမားပပျောက်ရေးသည် နိုင်ငံတိုင်းအလေးထားဖြေရှင်းရမည့် ကိစ္စများဖြစ်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ အနေဖြင့် ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်သည့် ဥပဒေပြဋ္ဌာန်းချက်များကို ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေမှာ ပြဋ္ဌာန်းထားပြီး ဖြစ်ပါကြောင်း လုပ်ငန်းဆပ်ကော်မတီအဖွဲ့များ အနေဖြင့်လည်း မိမိတို့ သက်ဆိုင်ရာ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပြီး ဆပ်ကော်မတီအချင်းချင်း ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ထို့နောက်  တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌများက မိမိတို့ သက်ဆိုင်ရာ ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြခဲ့ရာ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက  လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)