ယင်းမာပင် ဖေဖော်ဝါရီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ Book Club အသင်းတို့ ပူးပေါင်း၍ " နိုင်ငံတော် တည်ဆောက်ရေး အမျိုးသမီးများပါဝင်ပေး " ခေါင်းစဉ်ဖြင့် ပြည်သူ့ စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ယင်းမာပင်မြို့ အမျိုးသမီးအိမ်းတွင်းမှု အသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးသိန်းထူးအောင်က အဖွင့်အမှာစကားပြောကြားပြီး ယင်းမာပင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းဌေး က ပြည်သူ့စကားဝိုင်းများ ပြုလုပ်ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ဒီမိုကရေစီ ခေတ်တွင် အစိုးရနှင့်ပြည်သူအကြား ဆွေးနွေးတိုင်ပင်ရန်၊ ပြည်သူတို့၏ ဘ၀ဖြတ်သန်းမှု အကြောင်းကိစ္စများ ဆွေးနွေး ပြောကြားနိုင်သော အခွင့်အလမ်း များ ဖော်ဆောင်ပေးရန်၊ လူထု၏ စဉ်းစားတွေးခေါ်မှု မြင့်မားလာစေရန်နှင့် အစုအဖွဲ့အတွင်း ပါဝင်ဆွေးနွေးတတ်သော အလေ့အထကောင်းများ လေ့ကျင်းပေးရန် ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။
ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲတွင် ခရိုင်ဥပဒေအရာရှိ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ၊ မြို့နယ် ဆရာ ဝန်ကြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌတို့က ဦးဆောင်ဆွေးနွေး ဆောင်ရွက်ကြောင်း သိရသည်။
ယင်းနောက် တက်ရောက်လာသော သူများက "နိုင်ငံတော်တည်ဆောက်ရေး အမျိုးသမီးများ ပါဝင်ပေး"နှင့် ပတ်သက်၍ မေးခွန်းများ မေးမြန်းဆွေးနွေး ကြရာ ဦးဆောင်ဆွေးနွေးသူများက ကဏ္ဍများအလိုက် ပြန်လည် ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ အမျိုးသမီး အိမ်းတွင်းမှု အသက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်းမှ ဆရာမများ သင်တန်း သူများနှင့် ပြည်သူများ တက်ရောက်ကြသည်။
ရွှေစည်သား(ယင်းမာပင်)