မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၁၀) ဦး ထပ်မံတွေ့ရှိ

မြို့သစ်  အောက်တိုဘာ ၂၈

မကွေးတိုင်းဒေသကြီး ၊မြို့သစ်မြို့နယ်အတွင်းရှိ CBFQများတွင်ထားရှိသည့် ရန်ကုန်မှ ပြန်လာ သူ(၆၁) ဦးအား  (၂၅ - ၁၀ -၂၀၂၀ )ရက်နေ့က  နှာခေါင်းနှင့် အာခေါင်တို့ဖတ်ရယူ၍   မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ဆေးရုံကြီးသို့ ပေးပို့စစ် ဆေးခဲ့ရာ(၁၀)ဦးတွင်ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိကြောင်း သိရ သည်။

၎င်းတို့မှာ မြေပြင်သာကျေးရွာFQမှ(မ)(၃)ဦး ၊ ကြိုးကြာအင်ကျေးရွာFQမှ (ကျား)(၁)ဦး ၊ တပ် ကုန်းကျေးရွာ FQမှ (မ)(၁)ဦး ၊ ကျား (၃)ဦး ၊ ဝါးကြီးအိုင်ကျေးရွာမှ(ကျား)(၁)ဦး ၊  ပုတီးကုန်းကျေးရွာ FQမှ (မ)(၁)ဦး စုစုပေါင်း (၁၀)ဦးတွင် (Covid-19)ရောဂါပိုး (Positive)တွေ့ရှိကြောင်းသိရသည်။

အဆိုပါ ပိုးတွေ့အတည်ပြုလူနာအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ    မြို့သစ်မြို့နယ်   ဒန့်ဒလွန်ပင် တိုက်နယ်ဆေးရုံဝင်းအတွင်းရှိ သီးသန့် ဆောင်တွင် ထားရှိသွားမည်ဖြစ်ပြီး လက်ရှိ အချိန်တွင် လူနာများမှာကျန်းမာရေးအခြေအ​နေ ကောင်း မွန်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။

သန်းဝင်ထွန်း  ( ပြန်/ဆက်)