ကန့်ဘလူမြို့ အလက(၅)ကျောင်း၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်​၊ ဓာတ်ပုံ၊ နံရံကပ်စာစောင်များ ပြသ

ကန့်ဘလူမြို့ အလက(၅)ကျောင်း၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်​၊ ဓာတ်ပုံ၊ နံရံကပ်စာစောင်များ ပြသ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်များပြပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အလက(၅)ကျောင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ဆန်းက ကျောင်းသားကျောင်းသူများအား ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အကျင့်စာရိတ္တကောင်းမွန်ရေးတို့ကိုလည်းကောင်း၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက စားသုံးသူများနှင့် ပတ်သက်ပြီး ဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် စားသုံးသူရေးရာသိကောင်းစရာများ၊ မုန့်များဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်မဖြစ်စေရေးအတွက် ရှောင်ကြဉ်သတိပြုရန် အချက်များနှင့် စားသုံးသူအခွင့်အရေးများကို ပညာပေးဆွေးနွေးခြင်းနှင့် အပြန်အလှန်မေးမြန်းဖြေကြားခြင်းများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် စာအုပ် စာစောင်များ၊ ဓာတ်ပုံ၊ နံရံကပ်စာစောင်များကိုလည်း စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြ ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)