မင်းလှ မတ် ၁၉
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့မှစတင်၍ စာကြည့်တိုက်အတွင်းသို့ ဝင်ရောက်လာမည့် စာပေဝါသနာရှင်များနှင့် ကလေးငယ်များအား လက်ဆေးခြင်းများဆောင်ရွက်နိုင်ရန်စီစဉ်ထားရှိကြောင်း သိရသည်။
အဆိုပါ ပြည်သူ့စာကြည့်တိုက်သို့ ဒေသခံပြည်သူများ၊ ကျောင်းသား ကျောင်းသူများအနေဖြင့် လာရောက်၍ စာအုပ်များငှားရမ်းခြင်း၊ ဖတ်ရှုခြင်းနှင့် ကလေးစာဖတ်ခန်းသို့ ကလေးငယ်များ လာရောက်၍ စာဖတ်ရှုခြင်းနှင့် ကစားခြင်းများ ဆောင်ရွက်သည့်အခါ စာကြည့်တိုက်တွင် အသင့်ထားရှိထားသော ဆပ်ပြာဖြင့် စနစ်တကျလက်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ပြီးမှသာ ဝင်ရောက်၍ အသုံးပြုနိုင်ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ဝေသော ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ကြိုတင်ကာကွယ်ရေး နံရံပိုစတာများ ပြသထားကြောင်း သိရသည်။
ပေါက်စ (မင်းလှ)