ဖြူး ဇန်နဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မြို့ပေါ်အခြေခံပညာကျောင်းများရှိ ကျောင်းသား/ ကျောင်းသူများအားဖိတ်ခေါ်၍ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများအား ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်ပြိုင်ပွဲ စည်းမျဥ်းစည်းကမ်းများအား ရှင်းလင်းပြောကြားပြီးနောက် ကျောင်းသား/ ကျောင်းသူ (၂၁) ဦးက ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် အကြောင်းအရာများကို ကွက်လပ်ဖြည့် ပဟေဠိမေးခွန်းများအား ဖြေဆိုကြကြောင်း သိရသည်။
ဆက်လက်၍ ဆုချီးမြှင့်ခြင်းကိုကျင်းပရာ ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆု (၂) ဆုရရှိသူများအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ မြို့ပေါ်အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများက လက်ဆောင်ဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)