ထီးလင်း-ဂန့်ဂေါ ကားလမ်း မင်းရွာတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြော

ဂန့်ဂေါ ဖေဖော်ဝါရီ ၂

ဂန့်ဂေါမြို့နယ် မင်းရွာရဲကင်းစခန်းမှူး ရဲအုပ်မင်းမင်းကျော်နှင့် အဖွဲ့သည် ထီးလင်း-ဂန့်ဂေါ ကားလမ်း မင်းရွာတွင် ဖြတ်သန်းမောင်းနှင်ကြသည့် ကားများ၊ ဆိုင်ကယ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နှင့်အညီ ဖြစ်စေရေး စစ်ဆေးကာ ပညာပေးဆွေးနွေးလျက် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်း တို့ကို ယမန်နေ့က ဆောင်ရွက်ကြသည်။

ထို့ပြင် လယ်မကျေးရွာ အ-လ-က တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မှုခင်းကျဆင်းရေး ဟောပြောပွဲကို ယမန်နေ့က ကျောင်းခန်းမ၌ ပြုလုပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးအောင်ပြည့် က အမှာစကားပြောကြား၍ ဂန့်ဂေါမြို့ မြို့မရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ် ဖြိုးဟိန်းထွဋ်နှင့် အဖွဲ့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ၂၄၅ ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။

တောင်သားမောင်သန်း