ဖြူးမြို့နယ် (Community Centre) ခန်းမ၌ ​ကျောင်းသား/ကျောင်းသူများအား စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများပြုလုပ်ပေး

ဖြူး ဇန်နဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကျောင်းသား/ကျောင်းသူများအား စာဖတ်ရှိန်မြင့်မား​ရေး၊ စာဖတ်စွမ်းရည်များ တိုးတက်စေရေးအတွက် ရည်ရွယ်၍ အခြေခံပညာမူလတန်းလွန်ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့ နံနက် (၁၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (Community Centre) ခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းသား/ကျောင်းသူများ စာဖတ်စွမ်းရည်တိုးတက်စေရေးအတွက် အတွဲ-၂၁၊ အမှတ်-၁၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့ထုတ် ဒို့ကျေးရွာ ဂျာနယ်ပါ ကိုရွှေတောသား(စဥ့်ကူး)၏ “စဥ်းစားလို့ဆုံးဖြတ်ပါ” ကဗျာအားတစ်ဦးချင်းဖတ်စေပြီး အကောင်းဆုံး ဖတ်ကြားရွတ်ဆိုပြနိုင်သည့် ကျောင်းသား/ ကျောင်းသူများအား ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲများ ခင်းကျင်းပြသပေးရာ ကျောင်းသား/ကျောင်းသူများမှ ဖတ်မှတ်ကြည့်ရှုလေ့လာ ခဲ့ကြကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)