စစ်ကိုင်းမြို့၊ ထုံးဘို (အ.မ.က) တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်အသိပညာပေး ဟောပြောဆွေးနွေး

စစ်ကိုင်း ဇန်နဝါရီ ၁၆

စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ထုံးဘိုအခြေခံပညာမူလတန်းကျောင်းတို့ ပူးပေါင်း၍ ဇန်နဝါရီ(၁၆)ရက်၊ နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာ ပေးဟောပြော ဆွေးနွေးပွဲကို အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာဝင်းက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေများ၊ အတင်းအားဓမ္မခိုင်းစေခြင်းမခံ ရအောင် ဆေင်ရန်/ ရှောင်ရန်များကို လည်းကောင်း၊ ဒေါ်ထက်ထက်လင်းက လူကုန်ကူးမှုတားဆီးကာ ကွယ်ရေးနှင့် လူကုန်ကူးမခံရအောင် ဆောင်ရန်/ ရှောင်ရန်များကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဇာဖြူထွန်းက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား/ ကျောင်းသူများ စာပေဖတ်ရှုလေ့လာကြဖို့ လိုကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာများတိုးပွားကာ အမှား/ အမှန်ခွဲခြား သိမြင်လာ ကြမှာဖြစ်ကြောင်း အသီးသီးဟောပြော ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေး “ အသိပညာပေးရေး နှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းကော်မတီ” မှ တာဝန်ခံထုတ်ဝေသည့် “ ဇေယျာရွှေမြေ”လက် ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင် (ပြန်/ဆက်)