မင်းလှ ဇန်နဝါရီ ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Center)ခန်းမ၌ မြို့ နယ်စာရေးဆရာအသင်းနှင့် (Woman Club)အဖွဲ့တို့ ပူးပေါင်း၍ လစဉ် စာဖတ်ဝိုင်းများကို ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၂ နာရီချိန်က စာပေတာဝန်စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင်က အမှာစကားပြောကြားပြီး၊ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် မြင့်ဟန်(မင်းလှ)က ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် စာပေတာဝန်စာအုပ်မှ ဘာသာစကားအလေးထား၊ စာဖတ်ခြင်းဖြင့် ကြီးမြင့်ကြပါကုန်၊ စာပေတာဝန် စသည့် အကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့ရာ (Woman Club) အဖွဲ့ဝင်များက အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ကာ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)