အမ်း ဇန်နဝါရီ ၁၇
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်ပြပွဲကို ယနေ့နေ့လယ်က ပြုလုပ်ခဲ့သည်။
နံရံကပ်စာစောင် အသိပညာပေးပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက ကျောင်းသား/ကျောင်းသူ လူငယ်များအားကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသောဗလငါးတန် ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် အသိပညာပေးဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ လုပ်ငန်းခွင်များတွင် ကျောင်းနေအရွယ်ကလေးသူငယ်များ လုပ်ကိုင်နေကြရမှုများလာသည့်အတွက် ကလေးအလုပ်သမားနှင့်ပတ်သက်သည့် အသိပညာပေး ဟောပြောပွဲအစီအစဥ်များကို ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားကာ ကလေးအလုပ်သမားနှင့် ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်ကလေး အလုပ်သမားများ၏ အလုပ်ချိန် ကန့်သတ်ချက်များ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာမူများ၊ ကလေးသူငယ်ဥပဒေတို့ကို အသိပညာပေးရှင်းလင်းရာ တက်ရောက်လာသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ပြသထားသည့် ကလေးအလုပ် သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ကို စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)