ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် Community Centre ခန်းမတွင် မြို့နယ်စာရေးဆရာအသင်း (၁/၂၀၂၄) အစည်းအဝေးပြုလုပ်

ဒဂုံအရှေ့ ဇန်နဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ စာရေးဆရာအသင်း (၁/၂၀၂၄)အစည်းအ‌ဝေးပွဲကို လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စာ​ရေးဆရာအသင်းဥက္ကဋ္ဌ ဦးလှဆန်းမှ လုပ်ငန်းကော်မတီနှင့် ပတ်သက်၍ ဆောင်ရွက်လိုသည်များကို အဆိုပြုတင်ပြခြင်း၊ ဘဏ္ဍာ‌ရေးမှူး ဦးဝင်းကိုကိုလတ်မှ ဘဏ္ဍာရေးဆိုင်ရာ ရငွေ/ သုံးငွေများကို ရှင်းလင်းတင်ပြခြင်း၊ ရန်ပုံငွေရရှိမှု ဆွေးနွေးခြင်း၊ ဦးလပြည့်ဇင်(လက်ယာ-မေတ္တာတံခွန်)မှ နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအ‌ဝေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် အစည်းအဝေးသို့ ​မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး အစည်းအဝေးကို မွန်းလွဲ ၁၂နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဖူးမို (ပြန်/ဆက်)