ပေါင်းတည် ဇန်နဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေး နယ်လှည့်ဆောင်ရွက်မှုကို အ.လ.က ခွဲ (မှတ်တိုင်လမ်း) ၌ ဆောင်ရွက်ခဲ့သည်။
ဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက ကျောင်းသား၊ ကျောင်းသူ လူငယ်များသည် အနာဂတ်၏ခေါင်းဆောင်များဖြစ်၍ အသိပညာပြည့်စုံရန်လိုကြောင်း၊ စာကောင်း ပေမွန်များဖတ်ရှုလေ့လာကြရန် အထူးလိုအပ်ကြောင်း၊ လူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးရန် ကြိုးစားကျင့်ကြံအားထုတ်ရမည်ဖြစ်ကြောင်းနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် စာကြည့်တိုက်မှူး ဒေါ်ဝင်းမြသန်းက တူယှဉ်တွဲလို့နေကြမယ် ရုပ်ပုံပါပုံပြင်ကို လူငယ်ရေးရာအသိပညာပေး ဟောပြောသည်။ ထို့နောက် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ရာ ကျောင်းသား၊ ကျောင်းသူလေးများကို လူငယ်ရေးရာအတွက် အသိပညာပေးစာအုပ်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)