တောင်ငူ ဇန်နဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပုံပြင်ပြောနှင့် ကဗျာရွတ်ပြိုင်ပွဲကို တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
ဦးစွာ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပုံပြင်ပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကိုကျင်းပရာ အခြေခံပညာကျောင်းများမှ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ (၁၅) ဦးက ပါဝင်ယှဥ်ပြိုင်ကြသည်။
ထို့နောက် ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများက တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ခရိုင်ပြည်သူ့စာကြည့်တိုက်၊ ပြတိုက်ငယ်နှင့် ကလေးစာဖတ်ခန်းတို့ကို ကြည့်ရှုလေ့လာကြပြီး စာအုပ်စာစောင်များ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)