စမ်းချောင်း ဇန်နဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယနေ့နံနက် (၁၁) နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲ့ဝင်များနှင့် လူငယ်နှင့်ကြီးပွားရေးစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး Book Club အသင်းမှအဖွဲ့ဝင် ဒေါ်သင်းယုသွယ်က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “လူငယ်နှင့်ကြီးပွားရေး” စာအုပ်ထဲမှ ဘဝစာမေးပွဲနှင့် ဘဝတိုက်ပွဲ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်လှလှမင်းက အတွေ့အကြုံမှတစ်ဆင့် ခေါင်းစဉ် ဖြင့်လည်းကောင်း၊ မစုစုခိုင်က လူငယ်နှင့်ကြီးပွားရေးအစရှိသည့် ခေါင်းစဉ်များဖြင့် ဦးဆောင် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသူများက ၎င်းစာအုပ်ပါ အကြောင်းအရာမျာနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ပြသထားသောအသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဖြူသွယ်ထွန်း