ဒေါပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတကြွယ်ဝစေရေး နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲခင်းကျင်းဆောင်ရွက်

ရန်ကုန် ဇန်နဝါရီလ ၂၃

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ကြွယ်ဝစေရန်ရည်ရွယ်၍ နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက် နာရီအချိန်က အမှတ် () အခြေခံပညာ အလယ်တန်းကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ဒေါပုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်စုဝေက ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်း၊ လူကုန်ကူးမှုခံရခြင်းမှ တားဆီးကာကွယ်ခြင်းဆိုင်ရာအကြောင်း၊ စာပေတန်ဖိုးများအကြောင်း စသည်တို့ကို အကျယ်တဝင့်ဟောပြောပေးခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ထက်မြက်စေရေးအတွက် ဉာဏ်စမ်းမေးခွန်းများ မေးမြန်းပြီး လက်ဆောင်ပစ္စည်းများပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။ ထို့နောက် အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)