ရွှေကျင် ဇန်နဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ပွဲကုန်းရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီးဦးထွန်းမင်းလတ်က အဖွင့်အမှာစကားပြောကြားပြီး ရွှေကျင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူးဒေါ်သီသီဆိုင်က ကျောင်းသား၊ ကျောင်းသူလေးများအား အား/ကာသိပ္ပံ တက်ရောက်နိုင်ရေးအကြောင်းအရာများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်က လူငယ်နှင့်အားကစား ခေါင်းစဥ်ဖြင့် အကျယ်တဝင့် ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက သိလိုသည့်မေးမြန်းချက်များကို မေးမြန်းကြရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်သီသီဆိုင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်တို့က ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)