အင်းစိန် ဇန်နဝါရီ ၂၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ အင်းစိန်မြို့နယ်၊ စာပေဥယျာဉ် (Book Club) အသင်းနှင့် အင်းစိန်မြို့နယ်၊ စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ (၁) နာရီက ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်က အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးသိမ့်၊ အင်းစိန်မြို့နယ်၊ စာပေဥယျာဉ် (Book Club) အသင်း နာယက ဦးရန်နောင် (ရန်နောင် - ပညာရေး) နှင့် အင်းစိန်မြို့နယ်၊ စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးတော်မြင့် (တော်မြင့်-ငှက်ဖျား) တို့က အမှာစကား အသီးသီးပြောကြားသည်။
ထို့နောက် စာဖတ်ဝိုင်းကိုစတင်ရာ အင်းစိန်မြို့နယ်၊ စာပေဥယျာဉ် (Book Club) အသင်းနှင့် သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးဘိုကြည် (ဒေါက်တာ ဗိုလ်သံမဏိ-တောင်တွင်းကြီး) က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ယခုလိုပြည်ထောင်စုနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုကြီး အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် စာဖတ်ဝိုင်းကို တက်ရောက်လာကြသော အင်းစိန်မြို့နယ်၊ စာရေးဆရာအသင်းဝင်များ ဖြစ်ကြသည့် ရွှေဘုတ် (အင်းစိန်) က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ရွှေမော်သန်းထိုက်က ပြည်ထောင်စုစိတ်ဓာတ်နှင့် ဂီတရသအကြောင်း၊ ငြိမ်းဆုသွယ် (မြေလတ်သူ) က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအကြောင်းနှင့် ရန်မိုးအောင် (အင်းစိန်) က နာမည်ကျော် ဗိုလ်ချုပ် အောင်ဆန်းနှင့် ပင်လုံညီလာခံအကြောင်းတို့ကို စိတ်ဝင်စားသဖွယ် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ အင်းစိန်မြို့နယ်၊ စာပေဥယျာဉ် (Book Club) အသင်း အဖွဲ့ဝင်များဖြစ်ကြသည့် သက်လှိုင်မျိုး (စက်မှုတက္ကသိုလ်)၊ အောင်ငယ်စစ် (အင်းစိန်)၊ ဇင်ယော်(ကဗျာ)၊ ခင်ခင်လှ(အင်းစိန်)နှင့် ဝင်းနွယ် (ပုသိမ်) တို့က ဆွေးနွေးချက်များအပေါ် သိလိုသည်များကို မေးမြန်းဆွေးနွေး၍ အမြင်ခြင်း ဖလှယ်ကြပြီး အင်းစိန်မြို့နယ်၊ စာပေဥယျာဉ်(Book Club)အသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့် (မောင် မောင်ဝင်းမြင့်-မှုခင်း) က ကျေးဇူးတင်စကားပြောကြားကာ အင်းစိန်မြို့နယ်၊ စာပေဥယျာဉ် (Book Club) အသင်း နာယက ဦးသက်တင် (မောင်သာတင့်) က နိဂုံးချုပ်စကား ပြောကြားပြီးနောက် စာဖတ် ဝိုင်းတွင် ဦးဆောင်ဆွေးနွေးခဲ့ကြသူများအား တာဝန်ရှိသူများက အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)