ရွှေပြည်သာ ဇန်နဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက် (၉) နာရီခွဲတွင် စာအုပ်စာ စောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာရေးဆရာမြင်းခြံကျော်အောင် ရေးသားသည့် ဘဝဇာတ်ခုံဖြစ်ရပ်စုံစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပကြောင်း သိရသည်။
စာဖတ်ဝိုင်းနှင့် စာအုပ်လှူဒါန်းပွဲတွင် စာရေးဆရာမြင်းခြံကျော်အောင်က စာအုပ်များလှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော (Book Club) အဖွဲ့ဝင်များက စာရေးဆရာမြင်းခြံကျော်အောင်ရေးသားသည့် ဘဝဇာတ်ခုံဖြစ်ရပ်စုံစာအုပ်အားဖတ်ကြား၍ အပြန်အလှန်ဆွေးနွေးကြောင်း သိရသည်။
ဆက်လက်၍ စာရေးဆရာမြင်းခြံကျော်အောင်မှ ရွှေပြည်သာမြို့နယ်အတွင်းရှိ ကိုယ့်အား ကိုယ်ကိုးစာကြည့်တိုက် (၁၂) တိုက်အားသုတ/ရသ စာအုပ်များလှူဒါန်းရာ အမှတ် (၁၆) ရပ်ကွက် လမ်းပြကြယ် စာကြည့်တိုက်မှူး ဦးသန်းမြင့်က စာကြည့်တိုက်များကိုယ်စားလက်ခံ၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)