ဗဟန်းမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ရန်ကုန် ဇန်နဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်ရှိ အမှတ် (၃) အခြေခံပညာအထက်တန်း ကျောင်း အောင်ဆန်းခန်းမ၌ လူငယ်များ၊ အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်များ ပိုမိုပြည့်ဝစေပြီး စာဖတ်ခြင်းအလေ့အထ ပိုမိုတိုးပွားလာစေ၍ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များပေါ် ထွန်းလာကြစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့မွန်လွဲ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဗဟန်းမြို့နယ်ပညာရေးမှူး ဦးဌေးဝင်းက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍လူငယ်စကားဝိုင်းတွင် Moderator အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗဟန်းမြို့နယ်ရုံးမှမြို့နယ်ဦးစီးအရာရှိ ဒေါ်မေသန္တာနှင့် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါဖြိုးဖြိုး‌ဝေတို့က ဆောင်ရွက်ခဲ့ပြီး အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ () ဦးတို့က လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာ‌ပေ၊ လူငယ်နှင့်ကျန်းမာ‌ရေးစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးပေးခဲ့ကြသည်။

ထို့နောက် ပါဝင်ဆွေးနွေးပေးကြသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများ၊ ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၀) ဦးခန့် တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသ ထားသော အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်များကို တက်ရောက်လာကြ သူများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)