ရွှေကျင်မြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ရွှေကျင် ဇန်နဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အနောက်ဘက်ကျေးရွာအုပ်စု၊ သောင်လယ်ကျေးရွာ၊ မဒေါက်ကလေး အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦး‌‌အောင်ပြည့်ဖြိုးက အဖွင့်အမှာစကားပြောကြားပြီး ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင် က မူးယစ်ဆေးဝါးသုံးစွဲခြင်း၏အန္တရာယ်ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးမျိုးငြိမ်းက စာပေဖတ်ရှု့ခြင်း၏ အကျိုးကျေးဇူးအကြောင်းကိုလည်း‌ကောင်း အကျယ်တဝင့်‌ ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူ‌လေးများက သိလိုသည့်မေးမြန်းချက်များကို မေးမြန်းကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဒုတိယဦးစီးမှူး ဦးမျိုးငြိမ်းတို့ က ပြန်လည်ဖြေကြားပေးခဲ့ပြီး သိကောင်းစရာအသိပညာပေး နံရံကပ်စာစောင်နှင့်သုတ၊ ရသ စာအုပ်စာစောင်များအားပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)