ကျိုက်မရော၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာအုပ်ပြပွဲနှင့်နံရံကပ် စာစောင်ပြပွဲကျင်းပ

ကျိုက်မရော ဇန်နဝါရီ ၂၆

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက စာအုပ်ပြပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့နှင့်ပတ်သက်သော သုတ/ရသစာအုပ် စာစောင်များကိုခင်းကျင်းပြသထားရာ စာပေချစ်သူများအဖွဲ့ book clubနှင့် ကျောင်းသား၊ ကျောင်းသူများ ဌာနဆိုင်ရာဝန်ထမ်းများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ် စာစောင်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရူခဲ့ကြကြောင်း သိရသည်။

မြိုနယ်(ပြန်/ဆက်)