အ.ထ.က (ကျိန္တလီ) ကျောင်းတွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ကျိန္တလီ   ဇန်နဝါရီ    ၂၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းက အ.ထ.က (ကျိန္တလီ)ကျောင်းတွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြသည်။

စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများ၊ ပြည်သူများ စာပေဖတ်ရှုနိုင်စေရန်၊ စာပေမှရရှိသည့်အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ သုတ၊ ရသစာအုပ်စာစောင်များကို Mobile စနစ်ဖြင့် ငှားရမ်းပေးလျက်ရှိပြီး တစ်ပတ်ပြည့်သည့်နေ့တွင် အသစ်များဖြင့် လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။  

ထက်မြက်