ပွင့်ဖြူ ဖေဖော်ဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် စာဖတ်သူဦးရေတိုးပွားလာစေရန်နှင့် စာပေဖတ်ရှုလေ့လာသည့် အလေ့ အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ ဦးဆောင်၍ စာရေးဆရာ သန်းထွန်း(စကု)၏ “အရှက်နှင့် ကိုယ်ကျင့်သိက္ခာ” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)ဥက္ကဋ္ဌ ဦးစောလွင်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့် ပါဝင်ဆွေးနွေးကြသူများအနေဖြင့် ဆွေးနွေးမည့် အကြောင်းအရာများကို အပြုသဘောဆောင်၍ အကောင်းဆုံးဆွေးနွေးပေးကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
၎င်းနောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင်သုံးဦးက စာရေးဆရာ သန်းထွန်း(စကု)၏ “အရှက်နှင့် ကိုယ်ကျင့်သိက္ခာ” စာအုပ်အား ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲကို မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ ပြည်သူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေ ရန်နှင့် စာဖတ်သူဦးရေ တိုးပွားစေရေးအတွက် ရည်ရွယ်ပြီး အပတ်စဉ်(စနေနေ့တိုင်း) စဉ်ဆက်မပြတ် ကျင်းပပြုလုပ် လျက်ရှိ ကြောင်း မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဌ ဦးစောလွင်ထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )