စလင်း ဇန်နဝါရီ ၂၉
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ မြို့မစည်ပင်သာယာစျေးကြီး အတွင်းအပြင် ရောင်းချလျက်ရှိသည့် စျေးသည်/စျေးဝယ်သူများ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်း သက်သာစေရေး ပလတ်စတစ် သုံးစွဲမှုလျှော့ချသုံးစွဲ လျော့နည်းသက်သာစေရန် ပြည်သူများ ပလတ်စတစ်အိတ် ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက် ကြာဖက်အင်ဖက်နှင့်စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ဆောင်ရွက်လျက်ရှီရာယနေ့ ယနေ့နံနက် (၈) နာရီ ၁၅ အချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုဦးစီးမှူး ဦးနန်းဦးမောင်နှင့်၊ စည်ပင်သာယာရေးအဖွဲ့ ကော်မတီဝင်များ ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့များပါဝင်သော အင်အား (၁၀) ဦးဖြင့် ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း အသိညာပေးပြုလုပ်ခြင်းနှင့် ကြာဖက်များဝေမျှခဲ့ကြောင်း သိရသည်။
ထိုသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်၍ မြို့မစျေးကြီးအဝင်ဆိုင်းပုတ်ရှေ့နှင့် စျေးအတွင်းအပြင် ရောင်းချလျက်ရှိသည့် အသားတန်းနှင့် အသီးအရွက် ငါးရောင်းချသည့် စျေးဆိုင်ခန်းများ မိမိတို့ဒေသမှထွက်ရှိသော ကြာဖက်ငှက်ပျောဖက်များနှင့် အင်ဖက်စက္ကူတို့နှင့် ထုပ်ပိုးရောင်းချရန် ပလတ်စတစ်အိတ်များ အစားထုပ်ပိုးရာတွင် လွယ်သူစေသည့် ကြာဖက်ငှက်ပျောဖက်များကိုအသုံးပြုကြရန်နှစ် ပလတ်စတစ်အိပ် အလွန်အကျွံသုံးစွဲ၍ ဘေးထွက်ဆိုးကျိုးများရှိစေနိုင်၍ မသုံးစွဲကြရန် ဟောပြောခြင်းများပြုလုပ်၍ ဆောင်ရွက်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းပြုလုပ်ခဲ့ကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ထံမှ သိရှိရသည်။
(မောင်လွင်)စလင်း