စုကလိမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

စုကလိ ဇန်နဝါရီ ၂၉

စာအုပ် စာပေများဖတ်ရှုလေ့လာပြီး အသင်းအဖွဲ့အစည်းများဖြင့်  ပြန်လည်ဆွေးနွေးတတ်စေရန်ရည်ရွယ်၍  ဝါသနာတူ စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) မှ ဦးဆောင်၍  စာဖတ်ဝိုင်းအား ယနေ့နံနက်ပိုင်းအချိန်က စုကလိမြို့ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနCommunity Centre ခန်းမတွင် စာရေးဆရာ နန္ဒာမွှန်း ရေးသားသည့် သတင်းစာထဲက ဆောင်းပါးများ ဆောင်းပါးထဲက သတင်းများ  စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ပိုပိုအောင်က  စာဖတ်ဝိုင်းကျင်းပပြုလုပ် ရခြင်း ရည်ရွယ်ချက်ကို ပြောပြပြီး စာမျက်နှာ ၄၃ ပါ  စာဖတ်သူများပြားလှသော တရုတ်နိုင်ငံက စာကြည့်တိုက်များက အပြန်အလှန် ဆောင်းပါးဖြင့်လည်းကောင်း၊ စုကလိမြို့ရုံးမှ ရုပ်သံကျွမ်းကျင် ၃ အင်အားပြ ဦးကိုကိုအောင်မှ စာမျက်နှာ ၆၇ ပါ အိုင်ယာလန်နိုင်ငံ ဒပ်ဘလင်မြို့ရှိ ချက်စတာဘက်တီ စာကြည့်တိုက်ထဲက ပုဂံမင်း ပုရပိုက် ဆောင်းပါးဖြင့်လည်းကောင်း၊ စုကလိမြို့ရုံးမှ အငယ်တန်းစာရေး ရုံးအကူ အင်အား(ပြ) ဒေါ်စိုးမို့မို့ဌေးက စာမျက်နှာ ၈၅ ပါ မြန်မာ့ယဥ်ကျေးမှု နယ်ပယ်အတွင်း  သရုပ်ပျက်ယဥ်ကျေးမှု များ ထိုးဖောက်ဝင်ရောက်လာမှုနှင့် ကူးစက်ပျံ့နှံ့မှုအပေါ် သုံးသပ်တင်ပြချက် ဆောင်းပါးဖြင့် လည်းကောင်း၊  စာအုပ်စာပေ ချစ်မြတ်နိုးသူများအဖွဲ့  (Book Club)  အဖွဲ့ဝင်တစ်ဦးဖြစ်သူ မနှင်းစန္ဒာက  စာမျက်နှာ ၁၁၉ ပါ  ငွေရတုအလွန်မှသည်   ဆောင်းပါးတို့ကို အပြန်အလှန် ဆွေးနွေးပေးခဲ့ကြသည်။

ထို့နောက်စာဖတ်ဝိုင်း သို့တက်ရောက်လာကြသည့် စာဖတ်ပရိတ်သက်များနှင့် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းတို့က  သိရှိလိုသည့် အကြောင်းအရာများအား စုကလိမြို့ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ပိုပိုအောင်က အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးအနေဖြင့်  စာဖတ်ဝိုင်းအား တစ်လလျှင် ၂ ကြိမ်ခန့် (Book Club) အဖွဲ့ဝင်များ၊ စာဖတ်ပရိတ်သက်များဖြင့်  ပူးပေါင်း၍ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပိုပိုအောင်