ခင်ဦးမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အလှပြင်သင်တန်းဖွင့်ပွဲကျင်းပ

ခင်ဦး  ဇန်နဝါရီလ  ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေအမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အလှပြင်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းသင်းကြူ၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ(ခေတ္တ)ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်တို့က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြ ဆရာမမှ သင်တန်းတွင် ပို့ချသွားမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသူ(၁၅)ဦးတက် ရာက်ခဲ့ပြီး သင်တန်းကာလမှာ (၂၀)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

မြတ်သစ်ကောင်း