အုတ်တွင်းမြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကျင်းပ

အုတ်တွင်း ဖေဖော်ဝါရီ ၂

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်မူမူဝင်းက (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ်အကြို အသိပညာပေးဟောပြောပွဲပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ပဲခူးလမ်းရပ်ကွက် အ.လ.က (ခွဲ) မှ တက်ရောက်လာသော ကျောင်းသားကျောင်းသူများ အားရှင်းလင်းပြောကြားပြီး ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များနှင့် ပင်လုံစာချုပ်ရေးထိုးခဲ့ကြသူများအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)