ကံမမြို့၌ ဆေးမန်ကျည်း၊ မောင်ကျန်တတို့ သစ်သီးယိုစုံအတို့မှုန့်၊ ရှောက်ချိုမွှေးများ ဈေးကွက်အတွင်း ရောင်းချနေမှု ရှိ /မရှိ ကွင်းဆင်းစစ်ဆေး

ကံမ ဖေဖော်ဝါရီ ၅

မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊ ကံမမြို့၌  စည်ပင်သာယာ မြို့မဈေးအတွင်းနှင့်    မြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံဆိုင်များတွင် ဇော်ဂျီအမှတ်တံဆိပ် ဆေးမန်ကျည်းနှင့် မောင်ကျန်တတို့ သစ်သီးယိုစုံ အတို့မှုန့်များ၊ ရှောက်ချိုမွှေးများ  ဈေးကွက်အတွင်း ရောင်းချဖြန့်ဖြူးနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊   ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ၊  မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနတို့မှ ဝန်ထမ်းများက ယနေ့နံနက် (၈)နာရီက ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ၌  စည်ပင်သာယာမြို့မဈေးအတွင်းနှင့်    မြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံဆိုင်များတွင် ဇော်ဂျီအမှတ်တံဆိပ် ဆေးမန်ကျည်းနှင့် မောင်ကျန်တတို့ သစ်သီးယိုစုံ အတို့မှုန့်များ၊ ရှောက်ချို မွှေးများ  ဈေးကွက်အတွင်း ရောင်းချဖြန့်ဖြူးနေမှုရှိ/မရှိ   ကွင်းဆင်း စစ်ဆေးခဲ့ပြီး    ရောင်းချနေသည့်ဆိုင်များအား     အဆိုပါပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချမှု မရှိစေရေးနှင့် သိုလှောင်ဖြန့်ဖြူးမှု မရှိစေရေး အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)