မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

မင်းဘူး          ဇန်နဝါရီ        ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ ပူးပေါင်းကျင်းပသော စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဒေါ်မျိုးမျိုးသွယ်က စာပေဝါသနာရှင်များ အချင်းချင်း အသိပညာဗဟုသုတများ အပြန်အလှန် ဆွေးနွေးမျှဝေတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် ပြည်သူများ စာပေဖတ်ရှုမှု ပိုမိုတိုးတက်လာပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ တက်ရောက်လာကြသူများက စာရေးဆရာမ ဒေါက်တာမတင်ဝင်း၏ “အလုပ်ဆိုတာအင်အားပါ” စာအုပ်မှ အလုပ်ဆိုတာ အင်အားပါ ၊ အလုပ်လုပ်တဲ့နေရာမှာ ခြင်္သေ့စိတ်ထားပါ၊ အလုပ်လုပ်တဲ့နေရာမှာ စေတနာထားပါ၊  အလုပ်တွင်အောင်မြင်ချင်လျှင် စိတ်ကိုအေးအေးထားပါ နှင့် အလုပ်လုပ်တဲ့နေရာမှာ အဆိုးမြင်စိတ် မလွန်ကဲပါနဲ့ စသည့်  အချက်အလက်များကို တစ်ဦးချင်း ဖတ်ကြား ဆွေးနွေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စာဖတ်ဝိုင်းသို့ မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင် ဦးစီးအရာရှိ၊ ဒေါ်မျိုးမျိုးသွယ်နှင့် ပြန်/ဆက်ဝန်ထမ်းများ၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူ များအသင်းမှ တာဝန်ရှိသူများ၊ မင်းဘူးမြို့၊ မြို့မ အထက်တန်းကျောင်းခွဲမှ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမ စုစုပေါင်း(၅၃)ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ကျော်စိုးဝင်း(မင်းဘူး)