ကျိုက်မရော ဖေဖော်ဝါရီ ၆
မွန်ပြည်နယ်၊ ကျိုက်မရော မြိုနယ်တွင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက အ.ထ.က ကျွန်းရွာသစ်ကျောင်း၌ ပြုလုပ်ခဲ့သည်။
ဦးစွာ တာဝန်ခံကျောင်းအုပ်ဆရာကြီး ဦးသန်းထွန်းက. အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်း ဟောပြောပြီး ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေး နံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရူလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)