ခေါဇာ အောက်တိုဘာ ၃၁
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့ရပ် ကွက်(၂)၊အမှတ်(၁)မဲရုံတွင် အသက်(၆၀) နှစ် နှင့်အထက်ကြိုတင် ဆန္ဒမဲပေး ခွင့်ရှိသူ(၂၂၈)ဦးရှိကြောင်း ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
အဆိုပါ ရပ်ကွက်(၂)၊ အမှတ်(၁)မဲရုံတွင် ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း (၁၇၃၄)ဦး ရှိပြီး အသက်(၆၀)နှစ်နှင့် အထက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ (၂၂၈) ဦး ရှိကာ ကြိုတင် ဆန္ဒမဲပေးသူများအနေဖြင့် အောက်တိုဘာ ၂၉ ရက်နေ့မှနိုဝင်ဘာ ၅ ရက်နေ့အထိ ကြိုတင် ဆန္ဒမဲများကို ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကိုယ်တိုင်သွား ရောက်ပေးနိုင်ပြီး၊ ကျန်မာရေး အခြေအနေအရ ကိုယ်တိုင်သွားရောက်ရန်ခက်ခဲပါက ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံး သို့သတင်းပေးပို့လျှင်နေအိမ်တွင် ကြိုတင်မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ညီညီချမ်း(ပြန်/ဆက်)