ကျိုက်မရော အောက်တိုဘာ ၃၁
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံခြားကြို တင်မဲလက်မှတ်များအား ပါတီကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင်ရေတွက်၍ ကြိုတင်မဲပုံးများအတွင်း ထည့်သွင်း ဆောင်ရွက်ခြင်းကို ယနေ့ နေ့လယ် ၁၁နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးခန်းမ ၌ပြုလုပ်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထွန်းရှင်က နိုင်ငံခြားကြိုတင် မဲလက်မှတ်များ ရေတွက်၍ ကြိုတင်ဆန္ဒမဲပုံးအတွင်း ထည့်သွင်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မဲလက်မှတ်စာအိတ်များကို ပါတီကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင် တစ်အိတ်ချင်းရေတွက် ပြီး ကြိုတင် ဆန္ဒမဲပုံးအတွင်းသို့ ထည့်သွင်းခဲ့ကြသည်။
အဆိုပါ နိုင်ငံခြားကြိုတင် မဲလက်မှတ်များတွင် ပြည်ပမှ ပြည်သူ့လွှတ်တော်အတွက် (၁၀၂၀) အိတ်၊ အမျိုးသားလွှတ်တော်အတွက် (၁၀၂၀)အိတ်၊ ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁ အတွက် (၃၀၁)အိတ်၊ ပြည်နယ် မဲဆန္ဒနယ်အမှတ်၂ အတွက် ၊(၇၁၆)အိတ်၊ ကရင်တိုင်းရင်းသား(၂၅)အိတ်၊ ဗမာတိုင်းရင်းသား(၂၅)အိတ် နှင့် ပြည်တွင်း ကြိုတင်မဲ(၁၂)အိတ်တို့ ပါဝင်ကြောင်းနှင့် အဆိုပါ နိုင်ငံခြားကြိုတင် မဲလက်မှတ်စာအိတ်များကို ကြိုတင် ဆန္ဒမဲပုံးတွင် ထည့်သွင်း၍ လုံခြုံရေးကြိုးများဖြင့် စနစ်တကျ ချိတ်ပိတ်၍ ပါတီကိုယ်စားလှယ်များရှေ့မှောက်၌ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
ချိုချို(ပြန်/ဆက်)