ပေါက်ခေါင်း ဖေဖော်ဝါရီ ၈
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အ.ထ.က (ပေါက်ခေါင်း) ၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းအရာများ၊ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သူများဖြစ်စေရန် သိသင့်သိထိုက်သည့် အကြောင်းအရာများ၊ ကျောင်းစာအပြင် ပြင်ပဗဟုသုရရှိရန်စာများများဖတ်ကြရန်၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးအကြောင်းအရာများနှင့် ရှောင်ကြဥ်ကြရမည့်အချက်များကို ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များကိုပြသခြင်း၊ ၂၀၂၄-ခုနှစ် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ ပြည်ထောင်စုစိတ်ဓာတ်ထွန်းကားရေးနှင့် ပြည်ထောင်စုကြီးကို တည်ဆောက်ကာကွယ်ရေး၊ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်များ၊ ပင်လုံစာချုပ်ချုပ်ဆိုခဲ့ကြသူများ၏ အမည်စာရင်းများ၊ ပြည်ထောင်စုဖွားသွေးချင်းများကဗျာနှင့် ကာတွန်းကဏ္ဍများပါဝင်သည့် သတင်းစကားလက်ကမ်းစာစောင်များကို ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)