မြို့သစ် နိုဝင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့၊ သနန်ကျေးရွာအနီးရှိ ဆားချောင်းတံတားသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ နံနက် ၆ နာရီခန့်က ကမ်းကပ်မြေရေတိုက်စားပြီး ချဉ်းကပ်လမ်းပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဆားချောင်းတံတားသည် မြို့သစ်မြို့၊ တမူး-စေတီလမ်း မိုင်တိုင် ၃၅/၃ နှင့် ၃၅/၅ အကြား၊ သနန်ကျေးရွာအနီးတွင်ရှိကြောင်း၊ အရှည်ပေ ၃၅ ခန့်ရှိသည့် ဘေလီသစ်သားတံတား အမျိုးအစား ဖြစ်ကြောင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကမ်းကပ်မြေရေတိုက်စား၍ ချဉ်းကပ်လမ်းပြိုကျ ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။
ထွန်းမင်းအောင်(ကဘော်မြေ)