အ.လ.က (ခွဲ) ကျီစုအနောက်ကျောင်း၌ ပြည်‌‌ထောင်စုနေ့အကြို ဟောပြောပွဲကျင်းပ

ဒဂုံတောင် ဖေဖော်ဝါရီ ၈

လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ ရရှိပြီးသား အသိပညာဗဟုသုတများ ပိုမိုတိုးတက်ရရှိစေရေးရည်ရွယ်ကာ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းကာ ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ကျီစုအနောက်ရပ်ကွက် အ.လ.က(ခွဲ) ကျီစုအနောက်ကျောင်း၌ ပြည်ထောင်စုနေ့အကြို အသိပညာပေး ဟောပြောပွဲကို ဖေဖော်ဝါရီလ ၆ ရက်နေ့မွန်လွဲ ၂ နာရီ အချိန်က အ.လ.က(ခွဲ)ကျီစုကျောင်း စုဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အ.လ.က(ခွဲ) ကျီစုအနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်ဦးက အဖွင့်အမှာစကားပြောကြားပြီး ၊မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိုနယ်ဦးစီးမှူး ဒေါ်သန်းသန်း‌အေးက မြန်မာနိုင်ငံ၏ သမိုင်းဝင်နေ့ထူးနေ့မြတ်များနှင့် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများဖြစ်သော  ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများ၊ ပြည်ထောင်စုနေ့သည် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် သမိုင်းဝင်နေ့ထူးနေ့မြတ်ကြီးဖြစ်ကြောင်း၊ ပင်လုံမြေမှစတင်ခဲ့သည့် တိုင်းရင်းသားပေါင်းစုံတို့၏ သွေးစည်းညီညွတ်မှု သင်္ကေတဖြစ်‌သော ပြည်ထောင်စုစိတ်ဓာတ် အရင်းတည်ပေါက်ဖွားရာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်ကစတင်ကာ ယခုနှစ်ဆိုလျှင် ၇၇ နှစ်တိုင်ခဲ့ပြီ ဖြစ်ကြောင်းနှင့် ပြည်‌ထောင်စုနေ့အကြောင်း သိကောင်းစရာများကိုအကျယ်တဝင့် အသိပညာ‌ပေးဟောပြောသည်။

ထို့နောက် Book Club အဖွဲ့ဝင်၊ မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး  စာ‌ရေးဆရာ သက်ဝေမောင်က “လူငယ်နှင့်‌ အောင်မြင်ရေးခေါင်းစဉ်ဖြင့် လူငယ်များဗဟုသုတကြွယ်ဝ‌စေရေး၊ အောင်မြင်သောလူ‌ကောင်း၊ လူတော်ဖြစ်စေရေး သုတ၊ ရသစာအုပ်များ ဖတ်ရှုရမည်ဖြစ်ကြောင်း ဖတ်ရှုသင့်သော စာပေအမျိုးအစား (၅)မျိုး၊ မဖတ်ရှုသင့်‌ သောစာပေအမျိုးအစား (၆) မျိုးတို့အား စာအုပ်များလက်‌တွေ့ပြသကာ ရေးသားထားသော အကြောင်းအရာများကို အကျဉ်းချုပ်ဆွေးနွေးပြောကြားခြင်း၊ မှတ်သားရလွယ်ကူသော ဥပမာ‌ပေးပုံပြင်‌လေးများကို အကျယ်တဝင့် အသိပညာ‌ပေး ဟောပြော‌ဆွေးနွေးသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့်‌ ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်များဖြစ်သော ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင် စသည့်အသိပညာ‌ပေးနံရံကပ်စာ စောင်များ၊ သုတ၊ ရသစာအုပ်စာစောင်များကို ခင်းကျင်းပြသရာကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။

သန်းသန်းအေး