ပန်းတောင်း ဖေဖော်ဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၆ ရက်နေ့နံနက်ပိုင်းက သူရဲဇီးကျေးရွာအုပ်စု၊ သူရဲဇီးကျေးရွာ၊ အ.မ.က လွန် (သူရဲဇီး) ကျောင်း၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဥ်း၍ အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောမှုအစီအစဉ်တွင် အ.မ.က လွန် (သူရဲဇီး) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၀၀) ဦးအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေခိုင်ဆက်က လက်ကမ်းစာစောင်များဖြန့်ဝေကာ သဘာဝဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ပြင်ဆင်မှုများ၊ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက မည်သို့နေထိုင်ပြုမူစားသောက်ရမည်ကိုလည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်ပြီးပါက မည်သို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရမည်ကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး ဘောပင်များပေးဝေခြင်းများ ဆောင်ရွက်ခဲ့သည်။
လပြည့်လင်း(ပြန်/ဆက်)