ရွှေကျင်မြို့နယ် ပျဉ်းမပင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်း‌ကျောင်း(ခွဲ)သို့ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ရွှေကျင် ဖေဖော်ဝါရီ ၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များလှည့်လည် ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၁ နာရီအချိန်က ပျဉ်းမပင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်း‌ကျောင်း(ခွဲ)သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူးဦးမျိုးငြိမ်းမှ ဦးဆောင်၍ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေမည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/ကော်မတီများမှ ထုတ်ဝေသည့် ရုပ်ပြ၊ ကဗျာစာအုပ်များ၊ သုတ/ရသစာအုပ်များကို အဆိုပါကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဖတ်ရှုစေရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုကြကြောင်း သိရသည်။

အဆိုပါ နယ်လှည့်စာကြည့်တိုက်ကို ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတများရရှိစေရန်၊ စာပေကိုချစ်မြတ်နိုးတတ်စေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြား တတ်စေရန်ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်‌ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)