သံဖြူဇရပ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲများပြုလုပ်

သံဖြူဇရပ် ဖေဖော်ဝါရီ ၈

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသီက ကျောင်းသား/ကျောင်းသူများအား ပြိုင်ပွဲများပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ ပြိုင်ပွဲများပြုလုပ်ရာ “စည်းလုံးညီညွတ်သည့် ပြည်ထောင်စုအဖြစ် ထာဝရရှင်သန်ရပ်တည်” ခေါင်းစဥ်ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများပြုလုပ်ရာ ကျောင်းသားကျောင်းသူ (၁၅) ဦးတို့ကပါဝင် ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရကျောင်းသားကျောင်းသူများအား တာဝန်ရှိသူတို့ကဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများမှ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)