ရေတာရှည်မြို့နယ် အ​ခြေခံပညာအထက်တန်းကျောင်း၌" (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်” အသိပညာပေးဟောပြောပွဲကျင်းပ

ရေတာရှည်​ ဖေ​ဖော်ဝါရီ ၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ "(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်” အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က အမှတ် (၃) ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး​ ဒေါ်ယဥ်ယဥ်ထွေးက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ​ ဒေါ်​သော်ဇင်​အောင်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ အမျိုးသားရေးဦးတည်ချက်နှင့် စစ်မှန်သောမျိုးချစ်စိတ်ဓါတ်များ ရရှိစေရေးအကြောင်းများကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလူငယ်များနှင့် ပတ်သက်သည့် ဗဟုသုတရရှိ​စေမည့် "ကလေးအလုပ်သမားပေပျောက်ရေး" “ကလေးသူငယ်စစ်မှုထမ်းခြင်းမှ တားဆီးကာကွယ်ရေး” “မူးယစ်ဆေး​ဝါးအန္တရာယ် တားဆီးကာကွယ်” စသည့် ခေါင်းစဉ်များ ဖြင့်ပြသထားသောအသိပညာပေး နံရံကပ်စာစောင်များကို ကျောင်သား/သူများ၊ ဆရာ/မများက စိတ်ဝင်တစားကြည့်ရှုလေ့လာကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)