မင်းလှ မတ် ၁၉
အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများကို နိုင်ငံတော်မှ လူမှုရေးပင်စင်များကို ထောက်ပံ့ပေးအပ်လျက်ရှိရာ မင်းလှမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းမှစတင်၍ အဘိုးအဘွားများအား အိမ်တိုင်ရာအရောက် ထောက်ပံ့ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို နိုင်ငံတော်မှ သက်ကြီးအဘိုးအဘွားများအား (၃)လတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိရာ ၂၀၁၉ - ၂၀၂၀ဘဏ္ဍာနှစ် ဒုတိယပတ် (ဇန်နဝါရီ၊ ဖေဖော် ဝါရီ၊မတ်)လများအတွက် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား(၆၅၇)ဦးအား လူမှုရေးပင်စင် တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀/-)နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၁၉၇၁၀၀၀၀/-)အား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ စာရေး ဝန်ထမ်းများက အဘိုးအဘွားများအား အိမ်တိုင်ရာအရောက် လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)